ကျနော့်အနေနဲ့ အမှန်တရားများကို သိရှိနိုင်စေဘို့ ဒီစာကို
ရေးလိုက်ရပါတယ်- ကျနော်ဟာ စက်မှုဝန်ကြီးဌာနအောက်က စက်ရုံမှူးဟောင်းတစ်ယောက်ဖြစ်ပါတယ်။
စက်ရုံမှူးဟောင်း တစ်ယောက်အနေနဲ့ - ကျနော်သိတာလေးတွေ ပြောပြချင်လို့ - ဒီစာလေးကို ရေးလိုက်ရခြင်းဖြစ်ပါတယ်။
ဦးစိုးသိန်းဟာ - သူတို့အပတ်စဉ်မှာ ထူးချွန်ဆုရခဲ့တဲ့ စစ်တက္ကသိုလ်ကျောင်းဆင်းအရာရှိကြီး
တစ်ဦးဖြစ်ပေမယ့် - သူအနေနဲ့ သမာသမတ်ရှိရှိနဲ့ဆုရခဲ့တာမဟုတ်ပါဘူး၊ သူ့ထက်အမှတ်ကောင်းတဲ့
သူတစ်ယောက်ကို ကလိန်ကကျစ်ကျပြီး ဆုရယူခဲ့တယ်ဆိုတာ - တချို့ကသိချင်မှသိမှာပါ၊ ကျနော်တို့
ကတော့ တစ်ကျောင်းတည်းအတူတူတက်လာခဲ့ဖူးတော့ သူကလိန်ကကျစ်လုပ်ခဲ့တာကို ကျောင်းမှာ ကတည်းက
သိခဲ့ပါတယ်၊ ဦးစိုးသိန်းဟာ တပ်မတော်မှာ ဒုတိယဗိုလ်ချုပ်ကြီးအဆင့်နဲ့ ကာကွယ်ရေးဦးစီးချုပ်(ရေ)အဖြစ်
တာဝန်ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပါတယ်၊ ဒုတိယဗိုလ်ချုပ်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ကာလ
တစ်လျှောက်မှာလည်း - ဟိုအရင်ကျောင်းတုန်းကလိုပဲ လူကြီးတွေကို လေလုံးလှလှလေးတွေနဲ့-
ယုံအောင်ဖြီးတတ်တာကြောင့် - ရုံးကြီးနဲ့လူကြီးတွေအနားမှာပဲ ဘ၀တစ်လျှောက်လုံးနေခဲ့ရပါတယ်၊
ဒါ့ကြောင့် ပင်လယ်ပြင်စစ်ဆင်ရေးနဲ့ စစ်သဘောင်္အတွေ့အကြုံဘာတစ်ခုမှမရှိခဲ့ဘဲ လူကြီးအကြိုက်
လိုက်ပြော၊ ဖော်လံဖားပြီးလေနဲ့သာ အလုပ်လုပ်ခဲ့တဲ့အတွက် - ဒီအဆင့်အထိရောက်ခဲ့တယ်ဆိုတာ
အားလုံးအသိပဲဖြစ်ပါတယ်။ သူလေလုံးထွားတာကို လူသိများပြီး မကြိုက်တော့တဲ့အချိန်မှာတော့
ရှင်းရှင်းပြောရရင် သူ့ကို သုံးစားမရတော့လို့ ဖယ်ခွာချင်တဲ့အချိန်ကျတော့ ချက်ခြင်းကြီးဖယ်ဘို့
မသင့်တော်သေးတာနဲ့ ၀န်ကြီး အဖြစ် စက်မှု (၂) ၀န်ကြီးဌာနကို ပြောင်းပေးခဲ့ပါတယ်- အဲဒီနေရာလေးရတဲ့အချိန်မှာလဲ
ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အယုံသွင်းပြီး နားကျအောင်ပြောတတ်၊ ဆိုတတ်၊ သူရဲ့စက်ရုံတွေဘယ်လောက်ကောင်း
ကြောင်း၊ ဘယ်လိုကုန်ထုတ်လုပ်မှုတွေတိုးတက်နေကြောင်း လေလည်ပြခဲ့တဲ့အတွက် တည်မြဲနေခဲ့
ပါတယ်- သူရဲ့ စက်ရုံတွေကကောင်းလား၊ မကောင်းလားဆိုတာ - တာယာစက်ရုံတွေကိုကြည့်ပေါ့ဗျာ-
အခုတော့ စက်ရုံတွေကပြီးနေပြီး ဘာအလုပ်မှမလုပ်နိုင် - ဘာပစ္စည်းမှမထုတ်လုပ်နိုင်တာ အားလုံးတွေ့ကြမှာပါ-
ဦးစိုးသိန်းဟာ အဓိကအားဖြင့်လေနဲ့ပဲလုပ်စားပြီး လူကြီးအမြင်ကောင်းအောင် ပြတတ်သူ တစ်ဦးဆိုတာ-
ထိုင်းနယ်စပ်- မြ၀တီမြို့ကတစ်ဆင့် စက်ယန္တရားကြီးတွေသွင်းပြီးတော့ For Show လုပ်ပြခဲ့တဲ့
သာဂရစက်ရုံကြီးက သက်သေထူနေပါတယ်။ ဒါကြောင့်လည်း ကျနော်တို့ စက်မှုဝန်ကြီးဌာနက လုပ်ငန်းတွေမှာ
တစ်ကယ်တမ်းအလုပ်မဖြစ်ဘဲနဲ့ ငွေတွေသာမြောက်မြားစွာကုန်ကျခဲ့ပြီး ကုန်ထုတ်လုပ်မှုမတိုးတက်ဘဲ
ဘာလုပ်ငန်းမှအဆင်မပြေခဲ့တာ ဌာနက လူတွေအသိပဲဖြစ်ပါတယ်- ဒါတွေဟာ သူ့ရဲ့ လေထဲမှာတိုက်ဆောက်ခဲ့တဲ့လုပ်ရပ်တွေကြောင့်
ဖြစ်ပါတယ်- ဒါပေမယ့်လည်း ၀န်ကြီးဌာနကသာမတိုးတက်ဘဲဖြစ်ခဲ့ရပေမယ့် ဦးစိုးသိန်းကတော့
တိုက်ကြီးတာကြီးတွေနဲ့ - သူများလိုက်မမှီအောင် ပြည့်လျှံသွားခဲ့ပါတယ်။ သူကတော့ - ရှေးဘ၀ကုသိုလ်ကောင်းလို့ထင်ပါရဲ့
ကံအလွန်ကောင်းသူတစ်ဦးဖြစ်ပါတယ်၊ အစိုးရသစ်တက်လာချိန်မှာ ၀န်ကြီးဌာနအသစ်ပြန်ဖွဲ့၊ ပြန်ပေါင်းတာတွေလုပ်တော့လည်း
သူ့အတွက် ဖန်တီးပေးလာတာက စက်မှု(၁)နဲ့(၂)ကိုတစ်ခုထဲပြန်ပေါင်းပြီး စက်မှုဝန်ကြီးဌာနမှာ
သူကိုဝန်ကြီးပြန်ပေးခဲ့ တယ်လေ-- ဒီတော့ သူအနေနဲ့ ကျနော်တို့ဝန်ကြီးဌာနကြီးကို သူ့ခြေသူ့လက်ဖြစ်အောင်လုပ်တော့
တာပါဘဲ - ဘယ်လောက်ထိအောင် သူ့ခြေသူ့လက်ဖြစ်ခဲ့သလဲဆိုရင် ဌာနအောက်က BPIတို့၊ လှိုင်မြို့နယ်
ထဲမှာရှိတဲ့ စက်ရုံတို့တွေကို လက်သိပ်ထိုးရောင်းစားခဲ့တဲ့အထိပဲ- Transparency ရှိရမယ်ဆိုပြီးတော့
ပြောခဲ့တာလဲသူပါဘဲဗျာ။ ဒီလိုလက်သိပ်ထိုးရောင်းစားခဲ့တယ်ဆိုတာကို ဖုံးကွယ်ထားဖို့ကြိုးစားခဲ့ပေမယ့်--
ကျနော်တို့ ၀န်ကြီးဌာနက ၀န်ထမ်းအားလုံးကတော့ ကကြီး ကနေ အ အထိ အကုန်သိကြပါတယ်-ကိုယ့်ဆရာတို့
မသိသေးလို့ သိချင်တယ်ဆိုရင်တော့ လှိုင်မြို့နယ်ထဲကစက်ရုံတွေနဲ့ BPI စက်ရုံတွေကိုသာ သွားကြည့်လိုက်ပါ
အကုန်လုံးသိသွားပါလိမ့်မယ်- စက်မှုဝန်ကြီးဌာနတာဝန်လွှဲပြောင်းတော့လဲ သူလုပ်ထား ကိုင်ထားတာတွေများလွန်းလို့
နောက်ဝန်ကြီးကဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘဲခြေမကိုင်မိလက်မကိုင်မိ ဖြစ်တဲ့အထိဖြစ်သွားခဲ့ပါတယ်
- အင်မတန်မှလည်း တော်ပါပေတယ်ဗျာ။ ဦးစိုးသိန်းဟာ အပြောကောင်းပြီး သမ္မတကြီးကို နားပေါက်အောင်
ပြောနိုင်တဲ့အတွက် ကျနော်တို့ စက်မှုဝန်ကြီးဌာနက ၀န်ထမ်းတွေကိုဘာပြောသလဲဆိုတော့ “ တပ်ထဲမှာတုန်းက
ငါက သမ္မတကြီးနဲ့ ဂေါက်အတူရိုက်ရတာ၊ တစ်တွဲထဲရိုက်ရတာ၊ မင်းတို့ပြုတ်သွားချင်လား၊ ငါပြောလိုက်ရင်
မင်းတို့ချက်ချင်း ပြုတ်သွားမယ်”--- ဒီလိုမျိုးစကားတွေကို
သမ္မတကြီးရဲ့နာမည်ကိုယူသုံး ခြိမ်းခြောက်ခဲ့ တာမျိုးတွေပြောပြီး ၀န်ထမ်းတွေကိုအကြောက်တရားနဲ့
အုပ်ချုပ်ခဲ့ပါတယ် - သူကတော့လူလည်ကြီး တစ်ဦးပါပဲ၊ ဘယ်လောက်ထိလည်သလဲဆိုတော့ သူ့မိန်းမက
တရုတ်သွေးပါသူမို့ နာမည်မှာ တရုတ်အမည် ဒေါ်အေးကျင်ကနေ“ကျင်”ကိုဖြုတ်ပြီးဒေါ်အေးအေးလို့ပြောင်းခဲ့ပါတယ်--
နောက်ပြီး သူ့ပါးစပ်ကပြောတော့ သူကဆင်းရဲပါတယ် - မချမ်းသာဘူး-- ပိုက်ဆံမရှိဘူးသာပြောပြောနေတာ၊
သူ့သားတွေ၊ သမီးတွေ အားလုံးက နိုင်ငံခြားမှာချည်းပဲ-- သူတို့ရဲ့ပိုင်ဆိုင်မှုအားလုံးကိုလဲ
Singapore တို့၊ သူ့သားသမီးတွေ ရှိတဲ့နေရာတို့တွေမှာ မြှုပ်နှံထားတယ်ဆိုတာ-- ကျန်တဲ့သူတွေမသိနိုင်ပေမယ့်
ကျနော်တို့လိုဝန်ကြီးဌာနက လူတွေကတော့ အကုန်လုံးပဲသိကြပါတယ်ဗျာ။ ဒါတွေကို ကျနော်တို့ရဲ့
ပြုပြင်ပြောင်းလဲရေးတွေလုပ်နေတဲ့ သမ္မတကြီးက မသိများမသိလေရော့ သလားဗျာ-- အခုလဲသူက သမ္မတရုံးဝန်ကြီးဖြစ်တဲ့အချိန်မှာ
အရင်လိုဂေါက်သီးအတူရိုက်တဲ့ အဆင့်တင် မဟုတ်ဘူး--၀န်ကြီးဌာန ၁၁ ခုကိုတောင် သူကိုင်ထားကြောင်း၊
သူကွပ်ကဲအုပ်ချုပ်နေရကြောင်း ပြောလာ နေပြန်ပါပြီ-- ဒါကြောင့်နောက်ဆိုရင် ကျန်နေတဲ့ဝန်ကြီးဌာနတွေကို
သိမ်းပိုက်ချင်ပြီလားဆိုတာ စဉ်းစား ရပါတော့မယ် - သူအနေနဲ့ အလုပ်လုပ်လွန်းအားကြီးလို့
နောင်ဆိုရင် သမ္မတကြီးတောင် အလုပ်မရှိ တော့ဘဲနေမှာစိုးလို့ သမ္မတကြီးသိအောင် ကျနော်တင်ပြလိုက်ရခြင်းဖြစ်ပါတယ်။
စက်ရုံမှူးဟောင်းတစ်ဦး။






0 comments:
Post a Comment