Home »
မြန်မာ
» "ဖွဲ့စည်းပုံပြင်ဖို့ တပ်မတော် နဲ့လက်တွဲမယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြော"

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေးကို တပ်မတော် နဲ့အတူ လက်တွဲ
လုပ်ဆောင် သွားမှာဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ
ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်ပါတယ်။
ဒီကနေ့မနက်ဆိုးလ်မြို့မှာကိုရီးယားရောက်
မြန်မာနိုင်ငံသားတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး
တိုင်းရင်းသားတွေ အနေနဲ့ အတိတ်ကို ထားခဲ့ပြီးအနာဂတ်ကို
ရှေ့ရှုလုပ်ဆောင်ကြဖို့လည်း ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်း
ပြောကြားခဲ့ပါတယ်။
အဲဒီတွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံသားတွေက မေးမြန်းတာတွေကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
ပြည်ပမှာ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေ မြန်မာပြည်မှာ ပညာဆက်လက်သင်ကြားနိုင်ရေး၊နဲ့ပတ်သက်ပြီး မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်ကလွှတ်တော်ပညာရေးကော်မတီကိုတင်ပြပြီး ဆောင်ရွက်သွားမယ်လို့ ဖြေကြားသွားကြောင်း သိရပါတယ်။
ဒါ့အပြင် ပြည်ပမှာ အလုပ်လုပ်နေကြတဲ့ မြန်မာ အလုပ်သမားတွေကို
ကာကွယ်စောင့်ရှောက်ပေးတဲ့ ဥပဒေ ပြဋ္ဌာန်းဆောင်ရွက်ပေးရေး နဲ့ ပတ်သက်ပြီး
နိုင်ငံသားတွေကိုကာကွယ်စောင့်ရှောက်တဲ့ဥပဒေတွေ ဖြစ်လာဖို့ လိုကြောင်း၊ မြန်မာသံရုံးတွေအနေနဲ့လည်း ကိုယ့်နိုင်ငံသားတွေကို ကူညီပေးဖို့လိုကြောင်း၊သူ့အနေနဲ့သက်ဆိုင်ရာကိုတင်ပြသွားမှာ ဖြစ်ကြောင် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသွားတယ်လို့ သိရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နေ့လယ်ပိုင်းမှာ ဆိုးလ်အမျိုးသားတက္ကသိုလ်က
ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို လက်ခံရယူပြီး၊ အခမ်းအနားမှာ
မိန့်ခွန်းပြောကြားခဲ့ပြီးနောက် ညနေပိုင်းမှာ မြန်မာနိုင်ငံကို ပြန်လည်ထွက်ခွာလာပြီဖြစ်ပါတယ်။
Credit to : RFA Burmese
0 comments:
Post a Comment