၂၀၀၈ အခြေခံဥပဒေအထဲမှာ ကာကွယ်ရေးဦးစီးချုပ်ဆိုတဲ စကားလုံးရဲ့ အနက် အဓိပ္ပါယ်ကို ထပ်မံဖွင့်ဆိုထားခြင်း ရှိ မရှိတော့ မသိပါဘူး
ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ အသုံးအနှုံးကြီးက ဒီမိုကရေစီကို အကောင်အထည်ဖော်နေတဲ့ ဒီကနေ့ခေတ်အတွက် ဇလုံးဇခုဖြစ်စေပါတယ်
ကာကွယ်ရေး ဦးစီး ချုပ် မှာ အပိုင်း ၃ ပိုင်း တွေ့ပါတယ်
၁. ကာကွယ်ရေး ၂. ဦးစီး ၃.ချုပ် ဆိုတာတွေပါ
ဗမာပြေ ကာကွယ်ရေးနဲ့ပတ်သတ်လို့ အစိုးရက သတ်မှတ်စီစဉ်ရမှာပါ . . လိုအပ်ရင် အစိုးရက လွှတ်တော်ကို တင်ပြပြီး လုပ်ပိုင်ခွင့်ကို ထပ်မံတောင်းခံနိုင်ပါတယ် . . တရားရုံးချုပ်ကို
ဥပဒေရေးရာ ကြောင်းကျိုးဆီလျှော်မှု ရှိ မရှိ အကြံဥာဏ်ရယူနိုင်ပါတယ် . .
ဗမာပြေ ကာကွယ်ရေးနဲ့ပတ်သတ်ရင် အဓိက စီစဉ်ဆောင်ရွက်ခွင့်ရှိရမှာက အစိုးရအဖွဲ့ပါ . . ကာကွယ်ရေးနဲ့ပတ်သတ်လို့ အစိုးရစီစဉ်ဆောင်ရွက်ပုံတွေကို အကဲဖြတ်နေရမှာက လွတ်တော်ပါ . . စောင့်ကြည့်နေရမှာက တရားရုံးချုပ်ပါ . . .
ကာကွယ်ရေး နဲ့ ပတ်သတ်ပြီး ဦးစီး ဆောင်ရွက်ရမယ့် ခေါင်ချုပ် ထဲမှာ အစိုးရအဖွဲ့ လွှတ်တော်နဲ့ တရားရုံးချုပ်တို့ သူ့အပိုင်းနဲ့ သူပါ ပါ တယ်
(ကာကွယ်ရေး) နဲ့ ပတ်သတ်ပြီး (ဦးစီး) ဆောင်ရွက်ရမယ့် ခေါင်(ချုပ်) = ကာကွယ်ရေးဦးစီးချုပ်
ဒါဆို စစ်တပ် အကြီးအကဲက ဘာလုပ်ရမယ့်တာဝန်ရှိသလဲ လို့ မေးလာရင် ကာကွယ်ရေးဝန်ကြီးဌာန က တဆင့် အစိုးရက ပေးလာနဲ့ ညွှန်ကြားချက်တွေကို စစ်ရေးအမြင်နဲ့ အကောင်အထည်ဖော်ဖို့ နည်းဗျူဟာတွေကို တင်ပြ ခွင့်ပြုချက်တောင်း အကောင်အထည်ဖော်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် . . .
နောက်ပြီး အဲဒီ ကာကွယ်ရေးဦးစီးချုပ် ဆိုတဲ့ အခေါ်အဝေါ်ကို ဘယ်သူစတင် တီထွင်သုံးစွဲခဲ့ပြီး ဘယ်သူက စတင် ရာထူးလက်ခံခဲ့သလဲဆိုတာလည်း ဂရုတစိုက် ဝေဖန်ဆန်းစစ်ရမယ့်အထဲ ပါနေပါတယ်
ဗမာပြေ တရားဥပဒေစိုးမိုးရေးအတွက် တာဝန်ယူထားရဲ့ လက်နက်ကိုင်အဖွဲ့ အစည်း ကို ပြောပါဆိုရင် ပြည်ထဲရေး ဝန်ကြီးလက်အောက်က ဗမာပြေရဲတပ်ဖွဲ့ပါပဲ
ဒီလိုပါပဲ ဗမာပြေ ကာကွယ်ရေးအတွက် တာဝန်ယူထားရတဲ့ လက်နက်ကိုင် အဖွဲ့အစည်းကို ပြောပါဆိုရင် စစ်တပ်ကို ပြောရမှာပါပဲ
အဲဒီစစ်တပ်ကြီးကို တာဝန်ခံဖို့ အတွက် လူတစ်ယောက်တည်း ဖြစ်သင့်သလား တစ်စုတစ်ဖွဲ့ဖြစ်သင့်လားမေးရင် တစ်စုတစ်ဖွဲ့ကို ညွှန်းရမှာပါပဲ
စစ်တပ်ဆိုတာ နိုင်ငံတိုင်းမှာရှိပါတယ် . .
စစ်တပ်ကို အစိုးရက ဖွဲ့စည်း တာဝန်ယူ အာမခံရပါတယ် . .
စစ်တပ်ဆိုတာ နိုင်ငံအချင်းချင်း ဆက်ဆံတဲ့နေရာမှာ လိုအပ်လို့ နိုင်ငံရေးရည်ရွယ်ချက်အရ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတစ်ခုပါ . . .
စစ်တပ်ကို စစ်ဗိုလ်တစ်ယောက်ရဲ့ အုပ်ချုပ်မှုအောက်မှာ ထားတဲ့ ဖွဲ့စည်းပုံ စနစ်ဟာ မြေရှင်ပဒေသရာဇ် ခေတ်မှာ ကျန်ခဲ့ပါပြီ . . .
ဒီတော့ ကာကွယ်ရေးဦးစီးချုပ် ဆိုပြီး စကားလုံးထွင် ရာထူးထွင် လုပ်ပိုင်ခွင့်ထွင်ပြီး ၂၀၀၈ ဖွဲ့ စည်းပုံအထဲ အတင်းသွပ်ထည့်ခဲ့တာဟာ ဗမာပြေကို ထောင်ချောက်တစ်ခု ဆင်ခဲ့တာ နဲ့ အတူတူပါပဲ . .
လူတွေအားလုံး ကိုယ့်သမိုင်းကိုယ်ရေးနေကြတာပါ . . .
မှားနေတာကို အမှန်ပြင်တယ်ဆိုတာ သူတော်ကောင်းချီးမွန်းတဲ့ အလုပ်ပါ . . .
မှားနေတာတွေကို သိပြီး ပြုပြင်ရဲတဲ့ သတ္တိတွေရှိဖို့ရာ . . .
လူမိုက်ကို ရှောင်သလား . . .
ပညာရှိကို ဆည်းကပ်သလား . . .
ပူဇော်ထုက်သူကို ပူဇော်သလား . . .
ဆိုတာတွေက တော့ ငါဘယ်လောက်လုပ်နေသလဲလို့ ကိုယ်ကိုယ်ကို ပြန်မေးရမယ့်မေးခွန်းတွေပဲဖြစ်ြ
Credit: Ahman Tayar's photo.& face book page






0 comments:
Post a Comment